Friday, December 7, 2012

"၀င်္ကဒီပနီ"



လက်ခံဖြတ်ပိုင်းမရတဲ့
ဘ၀ ..အာမခံချက်တွေအတွက်
နှလုံးသားတွေ ဖဲ့ပြီး ..လျော်ခဲ့ရတယ်။


ဒီလောက်တော့ မလှောင်ပြောင်သင့်ပေဘူး၊
နေ့လည်နေ့ခင်း အပျင်းပြေ
တောကစားထွက်နေတယ်ဆိုရင်တောင်ပေါ့ ...။

ရူးရူးမူးမူး ဟပ်ခဲ့မိတာပါ
ငါးစာထိပ်မှာ ချိတ်ပါတာကိုက
တဆစ်ဆစ်နာကျင်ခဲ့ရတဲ့ ချစ်စရာတစ်မျိုး ...။       ။


နန်းအသင်္ခယာ

1 comment:

  1. နှလုံးသားတောင် ဖဲ့လျော်ခဲ့ရတယ်ဆိုတော့လည်း လက်ခံဖြတ်ပိုင်းလေးလောက်တော့ ရခဲ့သင့်ပါတယ်...

    ReplyDelete