Friday, December 7, 2012

"Lost"


ကြယ်တွေ ကူးခတ်နေတဲ့ကောင်းကင်ထဲ
သက်ရင့်မိုက်မဲမှုတွေနဲ့ ထုံးဖွဲ့ထားမယ့်
စတေးခံ သုညမျဉ်းပြိုင်ပါ ... ဟန်နီ။

ခန့်မှန်းချေ .. အနုတ်တစ် ဒီဂရီထက်
မင်း ..ပိုချစ်ခဲ့မယ်ဆိုရင်တောင် ..
နောင်တမဲ့စွာ ..ကျေးဇူးတင်ရဲ့ ..။

ဖြစ်တည်မှုအစဟာ ..ပါးလျသယောင်နဲ့
မသိမသာချည်နှောင်သွားတဲ့ ..ကြိုးတစမှာ
ငါက ရုန်းမရတော့ ....။

သိလား ...ဟန်နီ ...
ရင်ခုန်သံဟန်ချက်တိုင်းမှာ ..
စိတ်တွေ ၀ုန်းဒိုင်းကျဲလောက်အောင် ... လွမ်းတယ်။ ။


နန်းအသင်္ခယာ

1 comment:

  1.ုဟုတ်တယ် ဟန်နီ ရင်ခုန်သံ စည်းချက်တိုင်းမှာ လွမ်းမိသလိုဖြစ်သွားတယ် ... ဒီစာတွေကို ပြန်ဖတ်မိလို့ (အလွမ်းအဆွေးတွေပေးမယ့်စာနဲ့  ဝေးဝေးနေခဲ့တာ ကြာပြီ..)

    ReplyDelete